Knowledge

ရဟန်းခံ ရှင်ပြု

ရဟန်းခံရှင်ပြုများအတွက် ၅နှစ်သား ၂တောင်ထွာမှစ၍ အရပ်အနေအထားအလိုက် ၃ တောင်၊ ၃ တောင်ထွာ၊ ၄ တောင်၊ ၄ တောင်ထွာ (ဇက)မှ ရဟန်းဆောင် သင်္ကန်းဆိုဒ်ပြည့် ဆိုဒ်လွန်များအထိ ဆိုဒ်စုံချုပ်လုပ်ထားခြင်း။ သင်္ကန်းစျေးနှုန်းများကိုလည်း အစအသစ်များ၏ပေါက်စျေးနှုန်းအတိုင်း တွက်ချက်၍ သင့်တင့်မျှတသော အကျိုးအမြတ်ဖြင့်သာ ရောင်းချပေးခြင်း။ ရောင်းသည့် သင်္ကန်းအားလုံး အာမခံခြင်း။ မှန်ကန်မှုနှင့် အညီသန့်ရှင်းစင်ကြယ်သော ကရဝိက်သင်္ကန်းများကို သံဃာတော်များ၊ အလှူရှင်များ၊ ဖေါက်သည်များ၊ ဌာနဆိုင်ရာ အသင်းအဖွဲ့များအတွက် အထူးစျေးနှုန်းနှင့် ထာ၀ရမှန်ကန်စွာ လက်လီလက်ကားရောင်းချပေးလျှက်ရှိပါသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး

၁။ ဂတိမြဲသောဘ၀ကို ရရှိခြင်း။
၂။ အငယ်စား သောတပန်နှင့်အလားသဏ္ဍန်တူခြင်း။
၃။ တူမျှသော အကျိုးကိုရရှိခြင်း။
၄။ အပ္ပါယ် ဒုဂ္ဂတိဘေးမှ ကင်းဝေးခြင်း။
၅။ သုဂ္ဂတိမြဲသော ဘ၀ရရှိခြင်း။
၆။ အလွန်ထူးကဲသော အဝတ်တန်ဆာများကို သုံးဆောင်ရခြင်း။

ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုး

၁။ တားဆီးကင်းကွာ လွတ်လပ်စွာ လိုရာသွားနိုင်ခြင်း။
၂။ တာဝန်ကိစ္စ မလေးရ ပေါ့လှပေတော့သည်။
၃။ စားလိုရာများ စားသော်ငြား ဘေးကားမဖြစ်ပြီ။
၄။ အဝတ်အထည်များ ပေါကြွယ်ပွား သုံးကားမကုန်ပြီ။
၅။ ကိုယ့်ပစ္စည်းအား သူတစ်ပါးယူသွားကင်းပသည်။

သပိတ်လှူဒါန်းရခြင်းအကျိုး (၁၀) ပါး

ရွှေငွေပတ္တမြား၊ သုံးပါးခွက်ရ၊ ဘယကင်းလေ၊ သူရိုသေ၏၊ များထွေလာဘ၊ ဘောဂမပျက်၊ စိတ်စက်တည်ကြည်၊ လိုသည်တရား၊ ခေါင်းပါးကိလေ ဤဆယ်ထွေသည်၊ ပတ္တေသပိတ်လှူကျိုးတည်း။
၁။ ရွှေခွက်တို့ကို ရရှိခြင်း။
၂။ ငွေခွက်တို့ကို ရရှိခြင်း။
၃။ ပတ္တမြားခွက်တို့ကို ရရှိခြင်း။
၄။ ဘေးဘယ ကင်းရှင်းခြင်း။
၅။ သူများရိုသေမှုကို ခံရခြင်း။
၆။ လာဘ်လာဘ ပေါများခြင်း။
၇။ ဘောဂစည်းစိမ် မပျက်စီးခြင်း။
၈။ စိတ်လက်တည်ကြည် ချမ်းသာရခြင်း။
၉။ ကိလေသာတို့ကို ခေါင်းပါးပယ်ရှားနိုင်ခြင်း အစရှိသော အကျိုးများကို ခံစားရပါသည်။

ထီးလှူဒါန်းရခြင်းအကျိုး (၈) ပါး

ပူချမ်းမသိ၊ ကြေးညှိမတင်၊ ကင်းစင်ရန်ဘေး ကင်းဝေးနှောက်ယှက်၊ မပျက်ရိုသေ၊ အရည်နုနယ် စင်ကြယ်နှလုံး၊ ဆောင်သုံးရိပ်ဖြူ၊ ဤရှစ်ဆူ ထီးလှူအကျိုးမှတ်။
၁။ အပူအချမ်းအအေးများကို မသိရခြင်း။
၂။ ခန္ဓာကိုယ်၌ ကြေးအညှိများ မတင်ခြင်း။
၃။ ဘေးရန် ကင်းရှင်းခြင်း။
၄။ အနှောက်အယှက် ကင်းရှင်းရခြင်း။
၅။ သူတကာတို့၏ ရိုသေမှုကိုခံရခြင်း။
၆။ အရေအဆင်း နူးညံ့ခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ သိန်းသန်းများလှသော ထီးများကိုရရှိခြင်း အစရှိသော အကျိုးများကိုရရှိခြင်း။

ဖိနပ်လှူရခြင်းအကျိုး (၃)ပါး၊ ခြေနင်းအလှူ (၁) ပါး

ထမ်းစင်သံလျှင်း၊ ဆင်မြန်းယာဉ်စုံ၊ ခြေလှမ်းကလည်းပေါ်ရခြေနင်း၊ သန့်ရှင်းစိတ်ဇော၊ စော၏ထပ်ထပ် ဤသုံးရပ်၊ ဖိနပ်လှူကျိုး၊ တန်းဖိုးမြင့်သာ၊ ပါဒုကုက၊ လိုရာစီးသွား၊ ဤတပါးကားမှတ်သား ခြေနင်းလှူရကျိုးတည်း။
၁။ ထမ်းစင်၊ သံလျှင်၊ ဆင်မြင်းစသည့် ယာဉ်များကို ရရှိခြင်း။
၂။ ခြေလှမ်းတိုင်း ခြေနင်းခံ ပေါ်ပေါက်လာရခြင်း။
၃။ သန့်ရှင်းသော စိတ်ရှိခြင်း။
၄။ တန်ခိုးဖြင့်ပြီးသော ခြေနင်းကိုလိုရာသို့စီးသွားနိုင်ခြင်း စသည့် အကျိုးများကို ရရှိစေပါသည်။

ယပ်လှူရခြင်းအကျိုး (၈) ပါး

ချမ်းပူခွာရဲ၊ အိုက်အဲကင်းပ၊ စိတ်အေးမြ၏၊ ရာဂဒေါသ မောဟဒိဌိ၊ မောနဂ္ဂိကင်း၊ ဤရှစ်ခင်သည်၊ လေးညှင်းယပ်ခတ်၊ လှူရခြင်းအကျိုး။
၁။ ချမ်းခြင်း၊ ပူခြင်းမရှိခြင်း။
၂။ ပူလောင်အိုက်စက်မှုမရှိခြင်း။
၃။ စိတ်အေးမြ ချမ်းသာရခြင်း။
၄။ ရာဂမီး ကင်းရှင်းခြင်း။
၅။ ဒေါသမီး တောက်လောင်မှုကင်းခြင်း။
၆။ မောဟမီး တောက်လောင်မှုကင်းခြင်း။
၇။ ဒိဌိ-မီးပူကင်းရှင်းခြင်း။
၈။ မာနထင်ကြီးမှု မီးပူကင်းရှင်းရခြင်း အစရှိသော အကျိုးထူးများ ခံစားရပါသည်။

ခါးပန်းကြိုးလှူရခြင်းအကျိုး (၆) ပါး

တုန်လှုပ်ကင်းကွာ၊ ဈာမာလေ့၊ ဆိုလေခိုင်တည်၊ မေ့သည်မရှိ၊ ထင်ပေါ်ဘိသည်၊ မှတ်သားခါးပန်းလှူကျိုးတည်း။
၁။ မတုန်လှုပါသော သမာဓိရှိခြင်း။
၂။ ဈာန်သမ္မာပတ်တို့ လေ့လာရခြင်း။
၃။ အခြွေအရံ စုံးစေ့ပေါများခြင်း။
၄။ ခိုင်မာတည်မြဲသော စကားရှိခြင်း။
၅။ မမေ့ပျောက်သော သတိရှိခြင်း။
၆။ ထင်ရှားပေါ်လွင်သော သတိရှိခြင်း စသော အကျိုးများကိုခံစားရပါသည်။

ဓါးလှူရခြင်းအကျိုး (၅) ပါး

ခင်ပွန်းကောင်းရ၊ လုံ့လလည်းရှိ၊ စံချိသဲည၊ လက်စွဲမေတ္တာ၊ တဏှာဖြတ်ရန်၊ မဂ်ဉာဏ်လေးရ၊ ဤရှစ်၀သည်၊ ဓါးလှူဒါနအကျိုးတည်း။
၁။ ခင်ပွန်းကောင်းရရှိခြင်း။
၂။ လုံလဝီရိယရှိခြင်း။
၃။ သည်းခံမှုတရားရှိခြင်း။
၄။ စွဲမြဲသောမေတ္တာရှိခြင်း။
၅။ တဏှာကိုပယ်ဖြတ်တတ်သော မဂ်ဉာဏ်လေးပါးရရှိခြင်း စသောအကျိုးများကို ခံစားရပါသည်။

ရေစစ်လှူခြင်းအကျိုး (၅) ပါး

သက်ရှည်သူ့ထက်၊ ရန်မဖျက်တည်း၊ လက်နက်မရှ၊ ဆိပ်ပျောက်ပလျှက်၊ သူ့လက်မသေနိုင်၊ ဤငါးဆိုင်သည်၊ ကရိုဏ်ရေစစ် လှူကျိုးတည်း။
၁။ သူများထက်အသက်ရှည်ခြင်း။
၂။ ရန်သူများမဖျက်စီးနိုင်ခြင်း။
၃။ လက်နက်များမထိရှနိုင်ခြင်း။
၄။ အဆိပ်ဘေးကင်းလွတ်ရခြင်း။
၅။ သူများလက်နက်ဖြင့် မသေနိုင်ခြင်း စသော အကျိုးများကိုခံစားရပါသည်။

အံသကိုဋ်လှူရခြင်းအကျိုး (၃) ပါး

သူတော်တရား၊ ရှုစားသက်ဝင်၊ သိမြင်နှစ်ဘ၀ လှပရေးသာ၊ ဤသုံးပါး မှတ်သားအံသကိုဋ် လှူကျိုးတည်း။
၁။ သူတော်ကောင်းတရား၌ ရှုစားတည်နေနိုင်ခြင်း။
၂။ နှစ်ခုမြောက်ဘ၀ကိုမြင်နိုင်ခြင်း။
၃။ အရေးအသားလှပတင့်တယ်ခြင်း စသောအကျိုးများကို ခံစားရပါသည်။

သပိတ်ခြေလှူရခြင်းအကျိုး (၅) ပါး

ဓိပ္ပါယ်ကျန၊ ထင်လှသည့်ဉာဏ်၊ ကျမ်းဂန်မြင်သိ သတိမပျက်၊ နှောက်ယှက်သူတွေ၊ သပိတ်ခြေင်းထွေ လှူသတည်း။
၁။ အဓိပ္ပါယ်ကို ကျနစွာသိသော ဉာဏ်ရရှိခြင်း။
၂။ ထင်ရှားသော ဉာဏ်ပညာရှိခြင်း။
၃။ ကျမ်းဂန်၌ တတ်သိသောဉာဏ်ပညာရှိခြင်း။
၄။ မပျက်သော သတိရှိခြင်း။
၅။ နှောက်ယှက်တားဆီးမှုမရှိခြင်း စသော အကျိုးများကို ခံစားရပါသည်။